Japanese
- TS နည်းပညာဝန်ထမ်း
(ပြုပြုင်ထိန်းသိမ်းရေး)

S.M.A

မြန်မာနိုင်ငံ၊ မန္တလေးမြို့

၂၀၂၃ခုနှစ် တွင် ကုမ္ပဏီသို့
ဝင်ရောက်ခဲ့သည်။

※ဖော်ပြထားသော အကြောင်းအရာများသည်
အင်တာဗျူးလုပ်ချိန်ရှိ အနေအထား ဖြစ်ပါသည်။

နိုင်ငံခြားသား ကျောင်းသားများက ကုမ္ပဏီသို့ဝင်ရောက်ပြီးနောက် ရေရှည်တည်တံ့စွာ လုပ်ကိုင်နိုင်သော စံပြပတ်ဝန်းကျင်က ဤနေရာတွင်ရှိပါသည်! ။

မေး၁။ Nissan Osaka ကို အလုပ်လုပ်ကိုင်ရာနေရာအဖြစ် ဘာကြောင့် ရွေးချယ်ခဲ့ပါသလဲ။

ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး ဂျပန်နိုင်ငံမှာ မော်တော်ယာဥ်ပြုပြင်ထိန်းသိမ်းရေးနည်းပညာကို သင်ယူလိုတဲ့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ကျိုတိုမြို့မှာရှိတဲ့ ဂျပန်ဘာသာသင်တန်းကျောင်းတက်နေရင်းနဲ့ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်ကို လုပ်ပြီး ကျောင်းစရိတ်ကို ဖြည့်ဆည်းခဲ့ပါတယ်။ အဲ့ဒီ နောက်မှာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်လက်မှတ်ရဖို့အတွက် ရည်ရွယ်ပြီး NISSAN AUTOMOBILE TECHNICAL COLLEGE KYOTO မှာ တက်ရောက်ကာ မော်တော်ယာဥ်နဲ့ ပတ်သက်တဲ့ အထူးပညာရပ်နဲ့ နည်းပညာတွေကို သင်ယူခဲ့ပါတယ်။

ကျွန်တော်က ဂျပန်နိုင်ငံမှာပဲ အလုပ်လုပ်ကိုင်လိုတဲ့အတွက် အပြည့်အဝပံ့ပို့ပေးနိုင်တဲ့ ကုမ္ပဏီကို ရှာဖွေခဲ့ပါတယ်။
ကုမ္ပဏီများစွာရဲ့ အချက်အလက်တွေကို နှိုင်းယှဥ်ကြည့်ပြီးတဲ့နောက်မှာ စိတ်ဝင်စားစရာအကောင်းဆုံး၊ ဆွဲဆောင်မှု အရှိဆုံး ကုမ္ပဏီက Nissan Osaka ပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် TONE ရဲ့ ကိရိယာတန်ဆာပလာတစ်စုံစာအပြည့် ငှားရမ်းသုံးစွဲခွင့်ရမယ့်အပြင် စက်ရုံထဲမှာ လည်း လေအေးပေးစက်တွေ ပြည့်ပြည့်စုံစုံ တပ်ဆင်ပေးထားတာမျိုးလည်း ရှိပါတယ်။
အဲ့ဒီအပြင် နေထိုင်စရာအိမ်ပြင်ဆင်ပေးခြင်းနဲ့ နေထိုင်စရိတ်ထောက်ပံ့ကြေး၊ အရည်အချင်းအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်အတွက်ထောက်ပံ့ကြေး စသည်တို့လည်းရှိပြီး နေထိုင်စားသောက်မှုအတွက်ကိုလည်း ပံ့ပိုးပေးမှု တွေရှိတာမို့ စိတ်အေးချမ်းသာစွာအလုပ်လုပ်နိုင်မယ့် ပတ်ဝန်းကျင်လို့လည်း ခံစားရပါတယ်။

ဒါ့အပြင် ကျွန်တော့်လို မြန်မာနိုင်ငံသားဝန်ထမ်းတွေ အများကြီး အလုပ်ခွင်မှာရှိတယ်ဆိုတာ ကြားသိရပြီး စိတ်ဓာတ် ခွန်အားလည်း ရပါတယ်။ ဒီလိုအချက်တွေကြောင့် Nissan Osaka ဟာ ကျွန်တော့်အတွက် ယုံကြည်စိတ်ချစွာနဲ့ တိုးတက်အောင်မြင်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်တာမို့ အလုပ်ဝင်ဖို့ရွေးချယ်ခဲ့တာပါ။

မေးခွန်း ၂။ ကုမ္ပဏီအတွင်းနဲ့ အလုပ်ခွင်က ပတ်ဝန်းကျင်ရဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

ကျွန်တော်တို့ အလုပ်ခွင်မှာ နိုင်ငံသားအမျိုးမျိုး၊ အသက်အရွယ်၊ လိင်၊ အလုပ်တာဝန် မတူကြပေမယ့်၊ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံမှုက ကောင်းပြီး မိသားစုလို ပူးပေါင်းမှုရှိပါတယ်။ အထူးသဖြင့် စီနီယာတွေကကြင်ကြင်နာနာနဲ့ နားလည်မှုပေးပြီး မသိတာ၊ မရှင်းတာတွေရှိရင် ဒါမှမဟုတ် အခက်အခဲဖြစ်လာတဲ့အခါမှာ ပြောစရာမလိုပဲ သေသေချာချာ အကူအညီပေးတတ်ကြပါတယ်။

အဲ့ဒီလို ပတ်ဝန်းကျင်ကောင်းတစ်ခုအတွင်းမှာ၊ ကျွန်တော်ဟာ ကိုယ်တိုင်ရဲ့ ကျွမ်းကျင်မှုတိုးတက်ရေးကို ရည်ရွယ်ပြီး၊ တဖြည်းဖြည်းချင်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အသစ်အသစ်သော အလုပ်တာဝန်တွေကို စတင်လေ့လာလုပ်ကိုင်ခွင့် ရပါတယ်။ ယခုအချိန်မှာတော့ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းတွေနဲ့ ခက်ခဲတဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေကိုပါ တာဝန်ယူခွင့်ရလာပြီဖြစ်လို့ အလုပ်အတွေ့အကြုံတွေ ပိုမိုရရှိလာခဲ့ပါတယ်။

အခုတလောမှာတော့ ပြုပြင်ထိန်းသိမ်းရေးရလဒ်ရှင်းပြမှုတွေကို ဧည့်သည်တွေကို တိုက်ရိုက်ရှင်းလင်းပြပေးရတဲ့ အခွင့်အလမ်းတွေ ပိုများလာတာမို့ ဧည့်သည်တွေဆီကနေ ကျေးဇူးတင်စကားနဲ့ ချီးမွမ်းတဲ့ အသိအမှတ်ပြုစကားတွေ ကို တိုက်ရိုက်ကြားခွင့်ရလာလို့ အရမ်းပျော်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ကို ဂရုစိုက်ပြီး အားပေးအားမြှောက် ပြုပေးတဲ့ စီနီယာတွေနဲ့ မန်နေဂျာတွေရှိနေတာကြောင့် အလုပ်ခွင်မှာလည်း စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်နေပါတယ်။

မေးခွန်း ၃။ Nissan Osaka ကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ တွေးမိတဲ့အရာက

ကုမ္ပဏီကိုဝင်ပြီးကာစ အလုပ်သင်ကာလမှာ နိုင်ငံခြားသားကျောင်းသားတွေအတွက် အထူးလေ့ကျင့်သင်ကြားမှုတွေ စီစဥ်ပေးတာကို တွေ့ရတော့ အလွန်ပဲ အံ့အားသင့်ရပါတယ်။ လူနည်းနည်းချင်းခွဲပြီး သေသေချာချာအချိန်ယူပြီးတော့ မသိနားမလည်တဲ့စကားလုံးတွေကိုလည်း စိတ်ရှည်ရှည်နဲ့သေသေချာချာရှင်းပြပေးတဲ့အတွက် စိုးရိမ်စရာမရှိဘဲ သင်ယူနိုင်ခဲ့ပါတယ်။ ဆိုင်ခွဲရောက်ပြီးနောက်ပိုင်းမှာလည်း ပုံမှန်အုပ်စုလိုက်လေ့ကျင့်သင်ကြားမှုတွေ ရှိနေတာကြောင့် အဆက်မပြတ် ကျွမ်းကျင်မှုတိုးတက်နိုင်တဲ့ ပတ်ဝန်းကျင်လည်း ရှိပါတယ်။

ပြီးတော့ သိပ်မကြာခင်ကပဲ ကျွန်တော်က လက်ထပ်ခဲ့တဲ့အတွက် အမျိုးသမီးကို မြန်မာကနေ ဂျပန်ကိုခေါ်ယူဖို့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှောက်ထားခြင်း၊ ဆောင်ရွက်ခြင်း၊ အိမ်လခတစ်စိတ်တစ်ပိုင်း ထောက်ပံ့ခြင်း စတဲ့ စနစ်တွေကိုလည်း အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့ပါတယ်။
အနီးအနားမှာလည်း အကြံဥာဏ်တောင်းနိုင်တဲ့၊ ဆွေးနွေးတိုင်ပင်ရလွယ်ကူတဲ့ ပံပိုးမှုတွေ ရှိနေတဲ့အတွက် အခုတော့ မိသားစုနဲ့တူတူ ဂျပန်နိုင်ငံမှာ စိတ်အေးလက်အေး နေထိုင်နိုင်နေတာမို့ ကျေးဇူးတင်ရပါတယ်။

မေးခွန်း ၄။ ဂျပန်နိုင်ငံမှာ ပညာသင်ယူပြီး ဂျပန်နိုင်ငံမှာပဲ အလုပ်လုပ်ကိုင်လိုတဲ့ ဆန္ဒရှိသူ နိုင်ငံခြားသား ကျောင်းသား များအတွက် အမှာစကား

Nissan Osaka က အလုပ်အကိုင်တစ်ခုတည်းသာလျှင်မကဘဲ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေပါ အပါအဝင် ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း မြန်မာနိုင်ငံရော၊ ဗီယက်နမ်၊ သီရိလင်္ကာ စတဲ့ နိုင်ငံအများအပြားကသူတွေက အလုပ်လုပ်ကိုင်လျှက်ရှိပြီး သတင်းအချက်အလက်တွေ ဝေမျှနိုင်တဲ့အတွက်လည်း စိတ်အေးရပါတယ်။ ဘယ်သူ့အတွက်မဆို အလုပ်လုပ်ကိုင်ရလွယ်ကူတဲ့ ပတ်ဝန်းကျင် ဖြစ်တဲ့အတွက် စိတ်အေးလက်အေးနဲ့ Nissan Osaka မှာ လာရောက်အလုပ်လုပ်ကိုင်ကြပါ!။ ကျွန်တော်တို့ လည်းပဲ စောင့်နေပါတယ်။

- HOLIDAY -

မေးခွန်း၅။ အားလပ်ရက်တွေကို ဘယ်လိုကုန်ဆုံးနေပါသလဲ။

ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်ဆီကနေ ရထားတဲ့ ကားနဲ့ ကားမောင်းထွက်ရတာ ပျော်စရာကောင်းပါတယ်။ ကမ္ဘာ့အမွေအနှစ်ဖြစ်တဲ့ ကိုးယားတောင်ကို သွားတာ၊ ပင်လယ်ကမ်းခြေမှာ ရေကစားတာမျိုးတွေ လုပ်ပြီး ကားပြတင်းပေါက်ကနေ မြင်ရတဲ့ ဂျပန်ရဲ့သဘာဝအလှတွေက တစ်ခုချင်းစီလှပလွန်းလို့ အရမ်းကြိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဇနီးသည်နဲ့အတူ နေရာမျိုးစုံကို လည်ပတ်သွားလာဖို့ ရည်ရွယ်ထားပါတယ်။

OTHER INTERVIEW